တိုကျို အောက်တိုဘာ ၂၆
ဂျပန်နိုင်ငံ၌ အသက်ခြောက်လမှ လေးနှစ်ကြား ကလေးငယ်များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ယမန်နေ့တွင် စတင်ကြောင်း သိရသည်။
ယခုလအစောပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းရှိ ငါးနှစ်အောက်ကလေးများအတွက် Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို အတည်ပြုခဲ့သည်။
အောက်တိုဘာ ၂၅ ရက်တွင် တိုကျိုမြို့ရှိဆေးရုံတစ်ခု၌ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို စတင်ခဲ့သည်။ ကာကွယ်ဆေး ထိုးသည့်နေရာကို တိုကျိုမြို့ရှိ Minato Ward နှင့် အခြားဆေးခန်းရှစ်ခုတို့တွင် ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် ကလေးငယ်များ သေဆုံးမှုများရှိနေသည့်အတွက် ၎င်း၏ သမီးဖြစ်သူအား ကာကွယ်ဆေး အမြန်ဆုံး ထိုးနှံပေးမည်ဖြစ်ကြောင်း မိခင်တစ်ဦးက ပြောကြားသည်။
ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းသည် ရောဂါကူးစက်မှုကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည့်အတွက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံမှု လာရောက်ခံယူရန် တာဝန်ရှိသူများက မိဘများအား တိုက်တွန်းပြောကြားသည်။
ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် အဖျားဝေဒနာ ခံစားရခြင်းကဲ့သို့သော ဖြစ်နိုင်ဖွယ်ရှိသည့် ရောဂါလက္ခဏာများနှင့် ပတ်သက်ပြီး ကျန်းမာရေးအာဏာပိုင်များက သတိပြုဆင်ခြင်ဖွယ် ရှင်းလင်းချက်များ ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်