အောက်တိုဘာ ၂၇
တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၉၈၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၂၅၄၃၁၁၀၅ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၅၅ ဦးသည် ပြည်ပပြန်ကူးစက်မှုဖြစ်ပြီး ကျန်ရှိနေသူများသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းတွင် ပြည်ပပြန်ကူးစက်မှုပေါင်း ၆၉၄၈၂ ဦးအထိ ရှိလာကြောင်း သတင်းဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် အခြေအနေစိုးရိမ်ရသူ ၂၄၂ ဦးရှိသည်ဟု သိရသည်။
ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ၂၆ ဦးထပ်မံသေဆုံးပြီး နိုင်ငံအတွင်း ထိုရောဂါကြောင့် သေဆုံးသူပေါင်း ၂၉၀၆၉ ဦးအထိ ရှိလာကြောင်း အတည်ပြုထုတ်ပြန်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို