နေပြည်တော် အောက်တိုဘာ ၂၇
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများစီစဉ် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြခန်းများစီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ် ဆောင်ရွက်ရေး လုပ်ငန်းတာဝန်(၉)ရပ်ဖြင့် သတ်မှတ်ထားရှိပါကြောင်း၊ စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ်ပြခန်းများအပြင် ဂုဏ်ပြုယာဉ်များလည်း စနစ်တကျနေရာချထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထိမ်းအမှတ်ပြခန်းများ ခင်းကျင်းပြသသည့် နေရာတွင် ဝန်ကြီးဌာနကိုယ်စားပြုပြခန်းများ (၂၄ ခန်း)၊ တိုင်းဒေသကြီး/ပြည်နယ် အထိမ်းအမှတ်ပြခန်း များ (၁၅ ခန်း)၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများ(၁၅ ခန်း) စုစုပေါင်း(၅၄) ခန်း လျာထားသတ်မှတ် ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ ပြခန်းများတွင် ဝန်ကြီးဌာနကိုယ်စားပြု ပြခန်းများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများ အလိုက်သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ ဗဟုသုတဖြစ်ဖွယ် ပြည့်ပြည့်စုံစုံ၊ ဝေဝေဆာဆာ ခင်းကျင်းပြသနိုင်ရေး၊ တိုင်းဒေသကြီး/ ပြည်နယ် ကိုယ်စားပြုပြခန်းများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရိုးရာအထိမ်းအမှတ်များ၊ ယဉ်ကျေးမှုများ၊ ထူးခြားသော ရှေးဟောင်းအမွေအနှစ် လက္ခဏာများ ပြည့်စုံစွာ ခင်းကျင်းပြသနိုင်ရေး ထူးခြားစွာ တိုင်းပြည်ဝင်ငွေရရှိစေသောလုပ်ငန်းများ၊ စားနပ်ရိက္ခာဖူလုံမှုရှိစေရေး ဆောင်ရွက်ချက်များ၊ အလှပြယာဉ်များနှင့်အတူ အထိမ်းအမှတ် ပြခန်းများအား ယှဉ်တွဲ၍ ခင်းကျင်းပြသဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများအား အများပြည်သူ ဗဟုသုတရဖွယ် ခမ်းနားထည်ဝါစွာ ခင်းကျင်းပြသနိုင်ရေးအတွက် မိမိတို့ဌာန/ အဖွဲ့အစည်းအလိုက် သတ်မှတ်အချိန်မီ အားသွန်ခွန်စိုက်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြခန်းများစီစဉ် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က (၇၅)နှစ်မြောက် စိန်ရတုလွတ် လပ်ရေးနေ့ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြခန်းများစီစဉ် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြခန်းများစီစဉ် ဆောင်ရွက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးဝင်းဖေက လုပ်ငန်းတာဝန်များဆောင်ရွက်နေမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးများက တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ၊ ပြခန်းများ ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေ အနေများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက စိန်ရတုလွတ်လပ်ရေးနေ့ အခမ်း အနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြခန်းများစီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်