အောက်တိုဘာ ၂၈
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာဂင်ဒါနောပြည်နယ်ရှိ မြို့များတွင် ညလုံးပေါက် ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် ယနေ့တွင် လူ၁၃ ဦးထက်မနည်းသေဆုံးပြီး ပျောက်ဆုံးနေသူများရှိကြောင်း ဒေသန္တရတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မာဂင်ဒါနောပြည်နယ်သဘာဝဘေးလျှော့ချရေးနှင့် စီမံခန့်ခွဲရေးရုံးအကြီးအကဲနာဆူလာရှ်အမ်မမ်၏ ကနဦးပြောကြားချက် အရ မြေပြိုမှုများကြောင့် လူ ၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
မာဂင်ဒါနောသည် ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်သည်။
ဖိလစ်ပိုင်လေထု၊ ဘူမိရူပနှင့် နက္ခတ္တဗေဒဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့က နာဂီ သည် ယနေ့တွင် ပြင်းထန်သော အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာပြီး စနေနေ့တွင် တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံသည် သဘာဝဘေးအန္တရာယ်ကျရောက်မှုအများဆုံးဖြစ်သော ကမ္ဘာ့နိုင်ငံများတွင် ပါဝင်သည်။ ပျမ်းမျှအားဖြင့် နှစ်စဉ် တိုင်ဖွန်းမုန်တိုင်းအကြိမ် ၂၀ တိုက်ခတ်ခြင်းခံရလေ့ရှိပြီး အချို့သောမုန်တိုင်းများသည် ပြင်းထန်မှုရှိပြီး ပျက်စီးမှုများပြားကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို