အောက်တိုဘာ ၂၈
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၆၂ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၄၈၉၀၄၃၇ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ရှစ်ဦးသည် ပြည်ပပြန်ကူးစက်လာသူများဖြစ်ပြီး ၂၇၅၄ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့ပြီး နိုင်ငံအတွင်း ယင်းရောဂါဖြင့်သေဆုံးသူပေါင်း ၃၆၄၆၂ ဦး ရှိလာသည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းရှိကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၈၂၅၂၅၅ ဦး ရှိလာကြောင်း ထိုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
နိင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၈၇၂၀ ရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၄၇ ဦးရှိကြောင်းနှင့် အသက်ရှုအထောက်အကူပြုကိရိယာတပ်ဆင်ရန်လိုအပ်သူဦးရေ ၃၀ ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို