နေပြည်တော်၊ အောက်တိုဘာ ၂၈

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ ရွေးချယ်ဖွဲ့စည်းနိုင်ရေးအတွက် ဟိန္ဒူမျိုးနွယ်စု အသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပ သည်။

 

တွေ့ဆုံစဉ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ယနေ့ အစည်း အဝေးသည် ၂၀၂၃ ခုနှစ်မကုန်မီ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဗဟိုကောင်စီရွေးချယ်ပွဲ ဖြစ်မြောက်ရန် ညှိနှိုင်း ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွေးချယ်ပွဲကော်မရှင်အဖွဲ့နှင့် မျိုးနွယ်စု ၁၀ ခုသည် သတ်မှတ် ကိုယ်စားလှယ်လောင်း အရေအတွက်ရရှိရေးနှင့် ဖွဲ့စည်းပုံစည်းမျဉ်းပါ အပိုဒ်အချို့အား ပြင်ဆင်ရေးကို ဦးစွာ ဆောင်ရွက်ကြစေလိုပါကြောင်း၊ မျိုးနွယ်စုတစ်ခုချင်းအတွင်း ညှိနှိုင်းခြင်းနှင့် မျိုးနွယ်စု အချင်းချင်း ညှိနှိုင်းခြင်း၊ ဝန်ကြီးဌာနကို ယုံကြည်အားထားခြင်းတို့ဖြင့် အခက်အခဲကို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၃ အရ ဘာသာရေးအဖွဲ့များကို လိုအပ်သော အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

           

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီရွေးချယ်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်မြင့်က မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီရွေးချယ်ပွဲအတွက် ၂၀၂၀ ပြည့်နှစ်၊ မတ်လအထိ ဆောင်ရွက်ပြီးစီး ခဲ့သည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးတင်ပြပြီး မျိုးနွယ်စု အသီးသီး၏ ကိုယ်စားလှယ်များက ရွေးချယ်ပွဲနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ် များကို ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။

(သတင်းစဉ်)