ရန်ကုန် အောက်တိုဘာ ၂၉
အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ် ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား) သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(ဗဟန်း) မိုးဦးပန်းခန်းမ၌ ကျင်းပရာ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲ၌ ကမာရွတ်ခရိုင် ပညာရေးမှူး က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေးကဏ္ဍ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကြီး ကြပ်အကဲဖြတ်ခြင်း ဘာသာရပ်များကို အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက် အထိ နှစ်ရက်ကြာ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်