အူလန်ဘာတာ အောက်တိုဘာ ၃၁

 

မွန်ဂိုလီးယားနိုင်ငံ မိုးလေဝသနှင့် သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေး အမျိုးသားအေဂျင်စီက အောက်တိုဘာ ၃၀ ရက်တွင် နှင်းထူထပ်စွာကျရောက်ခြင်းနှင့် နှင်းမုန်တိုင်းတိုက်ခတ်ခြင်း သတိပေးချက်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းအထိ ဘေယန်-အူဂီ၊ အပ်စ်နှင့် ဂိုဘီ-အက်တီစသည့် အနောက်ပိုင်း ပြည်နယ်များ၊ ခူအပ်စ်ဂူလ်၊ ဆီလင် ဂီ စသည့်မြောက်ပိုင်းပြည်နယ်များ၊ တုဗ်ပြည်နယ် အလယ်ပိုင်းဒေသများနှင့် နိုင်ငံ၏မြို့တော် အူလန်ဘာတာတို့တွင် နှင်းထု ၁-၂၀ စင်တီ မီတာရှိကြောင်း မိုးလေဝသ စောင့်ကြည့်ရေးအေဂျင်စီက ပြောသည်။

 

မတည်ငြိမ်သောရာသီဥတုသည် လာမည့်ရက်များအတွင်း နိုင်ငံတစ်ဝန်း၌ ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်းနှင့် ဖြစ်နိုင်ဖွယ်ရှိသော သဘာဝဘေးအန္တရာယ်ကို အထူးသတိပြုကြရန် ပြည်သူများကို တိုက်တွန်းထားသည်။

 

ဆင်ဟွာ