နေပြည်တော် အောက်တိုဘာ ၃၁
အမျိုးသမီးများကို တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အတွင်းပဒံရပ်ကွက်နေ အောင်ဇင်မင်း (ခ) အောင်ဇင်ဖြိုး (ခ) ကိုဖြိုးနှင့် ထန်းတပင်မြို့နယ်၊ တူးချောင်းရွာနေ ရန်မျိုးအောင် (ခ) ငြိမ်းမောင် (ခ) အေးမောင်တို့က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ကျောင်းကုန်းရပ်ကွက်နေ မ ---၊ ၂၃ နှစ်၊ လှိုင်သာယာမြို့နယ်၊ ချောင်းဦးလမ်းနေ မ ---၊ ၂၂ နှစ်နှင့် ရွှေပြည်သာမြို့နယ်၊ ၁၁ ရပ်ကွက်နေ မ ---၊ ၂၄ နှစ်တို့အား တရုတ်ယောကျ်ားယူလျှင် သိန်း ၃၀ ကျပ်ရမည်ဖြစ်ပြီး တစ်နှစ်စာချုပ်ဖြင့် တရုတ်ပြည်တွင် နေထိုင်ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ) ၅၃၃ /၂၀၂၀ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်၍ မန္တလေးခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ ၂၈ တွင် တရားခံ အောင်ဇင်မင်း (ခ) အောင်ဇင်ဖြိုး (ခ) ကိုဖြိုးနှင့် ရန်မျိုးအောင် (ခ) ငြိမ်းမောင် (ခ) အေးမောင်တို့အား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်