မန္တလေး နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင် နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာတာဝန် ရှိသူများလိုက်ပါ၍ မြန်မာသက္ကရာဇ်(၆၆၅)ခုနှစ်၊ ပုဂံကျော်စွာမင်း လက်ထက်က စတင်အသုံးပြုခဲ့သည့် ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်ရှိ  ကျီးနီကန်သို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင် က ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျီးနီကန်အမှီပြုနေသော ကျေးရွာများတွင် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးနှင့် စိုက်ကွင်းများသို့ အလေအလွင့်မရှိ ထိရောက်စွာ ပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ် (ရမည်းသင်း) သို့ရောက်ရှိကာ တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ကို ဒုတိယပါမောက္ခချုပ် ဒေါက်တာမြတ်သူမှ ယခင်က အစိုးရစက်မှု လက်မှုသိပ္ပံအဖြစ် (၁၉၉၉)ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး (၂၀၀၉)ခုနှစ်တွင် အစိုးရ နည်းပညာကောလိပ်၊ (၂၀၁၀)ခုနှစ်တွင် နည်းပညာတက္ကသိုလ်  အဆင့်ဆင့်တိုးချဲ့ဖွင့်လှစ်ခဲ့ ကြောင်း၊ နှစ်ပေါင်း(၂၀)ကျော်အတွင်း ဒီပလိုမာလက်မှတ်ရ (၁၈၀၁)ဦး၊ ဘွဲ့ရ(၃၁၅၆) ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ပြောင်းလဲလာသည့် ပညာရေးစနစ်အရ   Outcome Based Education ကိုကျင့်သုံးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၂-၂၀၂၃ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန် တင်ပြထားသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်မှ ပညာရေးနှင့်ပတ်သက်၍ အလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍ၌ လိုအပ်သည်များကို လမ်းညွှန်ချက်များနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပညာသင်ကြားရာတွင် အေးချမ်းပျော်ရွှင်စွာဖြင့် သင်ကြားနိုင်ရန် တက္ကသိုလ်များအင်္ဂါရပ်နှင့်အညီ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ်ရေး၊ ဘတ်ဂျက် ငွေများအား အလေအလွင့်မရှိ ထိရောက်မှန်ကန်စွာ သုံးစွဲရေး၊ ပြုပြင်ထိန်းသိမ်းရေးများကို စနစ်တကျကြပ်မတ် ဆောင်ရွက်ရန်မှာကြားပြီး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ် ကျူတောဝ ကျေးရွာအုပ်စုရှိ ၂၀၂၂-၂၀၂၃ မိုးစပါး တင်း(၁၀၀)အထက်ထွက်ရှိရေး စံပြကွက်(၇၅)ဧက စိုက် ခင်းသို့ရောက်ရှိ၍ စိုက်ပျိုးထားမှုများကိုကြည့်ရှုပြီး   တောင်သူများ၏တင်ပြ ဆွေးနွေးလာ သည့် အခက်အခဲများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်