နေပြည်တော် နိုဝင်ဘာ ၁

တည်ဆောက်ရေးလုပ်ငန်းနှင့်အညီ ဂုဏ်ပြုယာဉ်၏ ကိုယ်ထည်တည်ဆောက်မှုပိုင်းနှင့် မြန်မာမှု ရုပ်လုံးရုပ်ကြွများနှင့် အချောထည် တည်ဆောက်ခြင်း အပိုင်း (၂) ပိုင်းခွဲထားပြီး ကိုယ်ထည်  တည်ဆောက် မှုပိုင်းအနေနှင့် ယာဉ်ပေါ်တွင် ပြသမည့်ပစ္စည်းများ၏ အလေးချိန်ကို ခံနိုင်အောင် တောင့်တင်း ခိုင်မာ ရန်လိုပါကြောင်း ၊ အသုံးပြုမည့် ပစ္စည်းများကို Steel Angle ၊ C - Channel တို့နှင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အရန်တန်းများကို Aluminium Hollow သုံးပြီး အထပ်သား ကပ်ခြင်းဖြင့် ကိုယ်ထည် အပိုင်းကို တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ပြောကြားသည်။

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ၊ ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ စုဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေးလုပ်ငန်း ကော်မတီ ဉက္ကဋ္ဌ ၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က ယင်းသို့ပြောကြားခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာမှုရုပ်လုံးရုပ်ကြွ ၊ ပန်းပု ၊ ပန်းချီများနှင့် ရိုးရာယဉ်ကျေးမှု အထိမ်းအမှတ်များ ၊ ဝန်ကြီးဌာနများ၏ အထင်ကရ ကြိုးပမ်းလုပ်ဆောင်ချက် များကို နိုင်ငံတော်အဆင့်နှင့်အညီ လက်ရာလက်သား ကောင်းမွန်ရန် ယခုကတည်းက အချိန်ယူ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ။ 

၂၀၂၃ ခုနှစ် (၇၅) ကြိမ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကြီးကို ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့များမှ မိမိတို့ဆောင်ရွက်ကြမည့် ဂုဏ်ပြု ယာဉ်များဖြင့် ခမ်းခမ်းနားနားအောင်မြင်အောင် ပါဝင်ဆောင်ရွက်နိုင်ရေး အတွက်ဝိုင်းဝန်း ဆွေးနွေး ပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဒုတိယဉက္ကဋ္ဌ၊ စစ်အင် ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ၊ ဒုတိယစစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်အေး က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားအတွက်  ဂုဏ်ပြုယာဉ်များ တည်ဆောက် ရာတွင်  လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များ ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ၊  တိုင်းဒေသကြီး / ပြည်နယ် အစိုးရ အဖွဲ့များမှ ဝန်ကြီးများ ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ ၊ ညွှန်ကြားရေး မှူးချုပ်တို့က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်ရန်နှင့် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေး တင်ပြမှုတို့ အပေါ် လုပ်ငန်းကော်မတီဉက္ကဋ္ဌက ဂုဏ်ပြုယာဉ်များ သတ်မှတ်အချိန်မီပြီးစီးရေးအတွက် ဝိုင်းဝန်းပူး ပေါင်း ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်