မုံရွာ နိုဝင်ဘာ ၂

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက ခန္တီးမြို့နယ်၊ လောင်ပကျေးရွာ ခန်းမတွင်ကျင်းပသော အခြေခံစားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသတည်ငြိမ်အေးချမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ လောင်ပကျေးရွာရှိ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ဒေသခံတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကုန်းမြင့်လယ်ယာမြေ ဧက ၂၀၀ ဖော်ထုတ်ပေးမည့် အစီအစဉ်တို့ကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လောင်ပကျေးရွာရှိ ကလေးငယ်များနှင့် အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ ဒေသခံ တိုင်းရင်းသားများအတွက် ပိုးသတ်ဆေးနှင့် ပျိုးပင်များကိုလည်း ကောင်း ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

 

ထောက်ပံ့ပေးအပ်ပွဲအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လောင်ပကျေးရွာ သာသနာ့ဟိတသုခ ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံ သွားရောက်ပြီး လှူဖွယ်ပစ္စည်းများနှင့် ကံ့ကော်ဘုရားဆင်းတုများ တည်ထား ကိုးကွယ်ရန် ဝတ္ထုငွေကျပ် ၁၂ သိန်းကို ဆက်ကပ်လှူဒါန်းသည်။

 

ထို့ပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကုန်းမြင့်လယ် ယာမြေ ဧက ၂၀၀ ဖော်ထုတ်မည့်မြေနေရာကို လည်းကောင်း၊ ဆင်သေ-လက်ဖက်ခင်း-ကချင်-ကင်းတော် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ကို လည်း ကောင်း၊ ခန္တီး-ဖားလမုန်း-တာမခံ-ညောင်ပင် ကားလမ်းပေါ်၌ သံကူကွန်ကရစ်တံတား ၃ စင်းနှင့် သံကူကွန်ကရစ် Box culvert ၁၀ စင်းဆောင်ရွက်မည့် လုပ်ခန်းခွင်သို့ လည်းကောင်း၊ ခန္တီးမြို့ရေပေး ဝေရေးစက်ရုံသို့လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက် ခန္တီးအကျဉ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်း၊ မိသားစုဝင်များနှင့်တွေ့ဆုံ ရင်းရင်းနှီးနှီးအားပေး နှုတ်ဆက်စကား ပြောကြားပြီး အရာထမ်း၊ အမှုထမ်း၊ မိသားစုဝင်များအတွက်ငွေကျပ် ၁၀ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)