နေပြည်တော် နိုဝင်ဘာ ၂
မင်းဘူးခရိုင်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူများကို ဥပဒေနှင့်အညီ အောက်တိုဘာလကုန်အထိ လစဉ်စိစစ်ပြုစုထားသည့် လူဦးရေ စာရင်းများကို အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာမြို့နယ်တို့ရှိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစိစစ် ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိက မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာမြို့နယ်များ၏ အခြေခံမဲဆန္ဒရှင်စာရင်းများ လစဉ်စိစစ်ဆောင်ရွက်မှုနှင့် စပ်လျဉ်းပြီး အောက်တိုဘာလအထိ တင်ပြရာ -
(၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စိစစ်ချက်အရ
(က) သေဆုံး၊ ပြောင်းထွက်၊ (၂) ကြိမ်ထပ်၊ (၃) ကြိမ်ထပ်တို့မှလျော့သည့် လူဦးရေ
၁၃၅၈၁ ဦး
(ခ) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်ကျန်စာရင်းမှ ပြန်လည်ထည့်သွင်းသည့် ထပ်တိုးလူဦးရေ ၁၁၆၈၄ ဦး
(ဂ) အောက်တိုဘာလအတွင်း မြေပြင်လူဦးရေ ၇၆၁၁၃၄ ဦး
(၂) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ချက်အရ
(က) မြေပြင်ထပ်တိုး
- ပုံစံ (၆၆/၆) ရှိသူ ( ၁၂၀၇ ) ဦး
- ပုံစံ (၆၆/၆) အခြားနှင့် (၆၆/၆) မရှိသူ ( ၂၁၀၆ ) ဦး
စုစုပေါင်းမြေပြင်ထပ်တိုး ( ၃၃၁၃ ) ဦး
(ခ) မြေပြင်တွင် လျော့သည့်ဦးရေ
- ပုံစံ (၆၆/၆) ရှိသူ ( ၆၃၉၇ ) ဦး
- ပုံစံ (၆၆/၆) အခြားနှင့် (၆၆/၆) မရှိသူ ( ၆၄၅ ) ဦး
စုစုပေါင်းမြေပြင်လျော့သည့်ဦးရေ ( ၇၀၄၂ ) ဦး
မဲရုံတည်နေရာနှင့် မဲရုံအရေအတွက်လျာထားမှု ၇၃၇ ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက်တို့ကို တင်ပြဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက အကြံပြုဆွေးနွေး ခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးမင်းမင်းဦးတို့က လုပ်ငန်းလိုအပ် ချက်များကို ဖြည့်စွက်မှာကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)