နေပြည်တော်၊ နိုဝင်ဘာ ၂

 

 မိဘပြည်သူများ ဇာတ်သဘင် ဖျော်ဖြေတင်ဆက်မှုဖြင့် စိတ်အပန်းပြေစေရန်၊ လူငယ်လူရွယ်များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များအကြောင်း သိရှိနားလည်ပြီး အသိပညာဗဟုသုတ ရရှိနိုင်ရန်နှင့် သဘင်ပညာရှင်များ၏ အနုပညာရသ စွမ်းရည်များ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက်များဖြင့်နိပါတ်တော်လာ ဇာတ်သဘင် မဟာအစီအစဉ်ဆန်းသစ်တင်ဆက်မှုကို အောက်တိုဘာ ၂၂ ရက်မှ စတင်၍ အပတ်စဉ်စနေနေ့ ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသလျက်ရှိသည်။

 

အဆိုပါ အစီအစဉ်မှ “မဟော်သဓာနှင့်အမရာဒေဝီဇာတ်တော်ကို သဘင်ပညာရှင် ပတ္တမြား ကေခိုင်စီစဉ်ပြီး Art Director ဆန်းမင်း၏ အနုပညာဖန်တီးမှု၊ ရွာစားဝါးခယ်မ စိန်မုန့်လုံး၏ တီးခတ်မှုနှင့်အတူ ဘွန်း၊ ဆန်းနေအောင်၊ ငြိမ်းချမ်းခိုင်၊ ချမ်းချမ်းမိုးတို့နှင့်အတူ သဘင်ပညာ ရှင်များ၊ အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည် ဖြစ်သည်။

 

ထိုသို့တင်ဆက်မှုကို နိုဝင်ဘာ ၅ရက်၊ စနေနေ့ ည ၈ နာရီသတင်းအပြီး ည()နာရီခန့်တွင်  ပြသမည်ဖြစ်ပြီး နိုဝင်ဘာ  ၉ ရက် ဗုဒ္ဓဟူးနေ့၊ ည ၉ နာရီခန့်တွင်လည်း ပြန်လည်ပြသ မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)