နေပြည်တော်၊ နိုဝင်ဘာ ၂

 

 သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်(၉၀)ကို နိုဝင်ဘာ ၄ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

 

အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာမျှဝေမှုအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ စိုးရန်အောင်နှင့် ဖြူဖြူခိုင်တို့က တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို နိုဝင်ဘာ  ၄ ၊ ၅ နှင့် ၆ ရက် များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD မှ ည ၇ နာရီခန့်တွင်  ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)