နေပြည်တော် ၊ နိုဝင်ဘာ ၂

 

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်တူယှဉ် နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ပွဲစဉ်(၁၈)ပွဲဖြင့် စက်တင်ဘာ ()ရက်နေ့မှ စတင်ပြီး အပတ်စဉ်သောကြာနေ့ ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ(၃၀) ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအဖြစ် ထပ်ဆင့်အကယ်ဒမီချိုပြုံး၊ စန္ဒရားမျိုးနိုင် နှင့်  တေးသံရှင်ခိုင်ဝါတို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး မြန်မာ့အသံ တေးဂီတအဖွဲ့နှင့် တွဲဖက်၍ သရုပ်ဆောင်/တေးသံရှင်များဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ် တင်ဆက်သူများအဖြစ် ဆောင်ရွက်ကြမည် ဖြစ်သည်။

 

ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင်()ဦးစီဖြင့် စုစုပေါင်း(၄၅)ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲ၏အုပ်စု(င) ပွဲစဉ်(၁၀) ကို  နိုဝင်ဘာ ()ရက် သောကြာနေ့ညတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ရခိုင်ပြည် နယ်မှ မျိုးဆက်နွယ်၊ ချင်းပြည်နယ်မှ သူဇာမြင့်မိုရ်၊ ကယားပြည်နယ်မှ ရတနာဝင်းမြာ၊ ကချင်ပြည်နယ်မှ မေဇီ၊ မွန်ပြည်နယ်မှ ရွှေစင်ကြယ်၊ တနင်္သာရီတိုင်းဒေသကြီးမှ ခင်ပြည့်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြည့်ဖြိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ရေဂျီနားနှင့် ရှမ်းပြည်နယ်မှ ဖြိုးပြည့်ပြည့်မောင် စုစုပေါင်း ပြိုင်ပွဲဝင်()ဦးတို့၏  စိတ်ကြိုက်တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြပုံများကို ယင်းနေ့ ည()နာရီ သတင်းများအပြီးတွင် MRTV – HD မှ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့် သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့တင်ဆက်မှုကို နိုဝင်ဘာ(၆)ရက် တနင်္ဂနွေနေ့၊ နံနက် (၁၀) နာရီခန့် တွင် ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)