မကွေး              နိုဝင်ဘာ           ၄

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၃၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ခဲ့သည်။

 

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာ‌တော် ဘဒ္ဒန္တသုမနထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အစိုးရဖွဲ့ဝင် ဝန်ကြီးနှင့် ဇနီးများမှ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်၊ မဟာဓမ္မိကာရာမကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တရထံမှ အနုမောဒနာတရား နာကြားပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၃၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို  ကထိန်အခြံအရံ ပဒေသာပင် စုစုပေါင်း ၁၀၅ ပင်၊ လှူဖွယ်ပစ္စည်းတန်ဖိုး ကျပ် ၂၂၁၈၁၈၉၀၊ လှူဖွယ်‌ငွေတန်ဖိုး ကျပ် ၂၈၂၄၇၃၀၀ စုစုပေါင်းတန်ဖိုး ငွေကျပ် ၅၀၄၂၉၁၉၀ အား  ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကိုအောင်