နေပြည်တော် နိုဝင်ဘာ ၄ ရက်
မော်လမြိုင်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် နောင်ချိုမြို့နယ် တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၃ ရက် ည ၈ နာရီ တွင် မော်လမြိုင်မြို့၊ ဈေးကြို ရပ်ကွက်၊ ရွက်လှလမ်းပေါ်တွင် အောင်ဇေလင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၄၀၀ ကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ဉက္ကလာပ မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြင့်ဟန်(ခ) ပြောင်ကြီး ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၀၀၀ ၊ ဆေးခြောက် သုည ဒသမ ၀၅ ကီလို၊ အိုက်စ် သုည ဒသမ ၀၀၂ ကီလိုနှင့် ဘိန်းဖြူ သုည ဒသမ ၀၁၀၃ ကီလိုတို့ကိုလည်းကောင်း။
အလားတူ နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ တောင်းတီကျေးရွာနေ ထွက်ရွှေ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၆,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ ကုန်းစံကျေးရွာအုပ်စု၊ ဂုတ်ထိပ်ကျေးရွာအနီးတွင် ယာဉ်မောင်း(စိစစ်ဆဲ) မောင်းနှင်လာသည့် LANDCRUISER အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ကုန်းစံကျေးရွာအုပ်စု၊ နားမွန်ကျေးရွာအနီးအရောက်၌ ယာဉ်အား လမ်းဘေးမြောင်းအတွင်း တိမ်းမှောက်နေသည်ကို တွေ့ရှိရပြီး ယာဉ်မောင်းမှာ ထွက်ပြေး သွားကြောင်းနှင့် ယာဉ်ပေါ်ရှိ ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူ ၄၄ ကီလိုနှင့် စိတ်ကြွရူး သွပ်ဆေးပြား ၄၈၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်