ရန်ကုန်၊ နိုဝင်ဘာ ၅

 

ရန်ကုန်မြို့တော် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို ယနေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၌ ကျင်းပသည်၊၊

ပွဲတော်လာပြည်သူများ စိတ်အပန်းဖြေစေရန် တေးဂီတ DJ အဖွဲ့ဖြင့် ဖျော်ဖြေမှုနှင့်အတူ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ရောင်စုံမီးအလှများကို ပုံစံမျိုးစုံ ပုံဖော်ထားရှိပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအား မီးအလှများ ထွန်းညှိ ပူဇော်ထားရှိမှုကို ကြည်ညိုသပ္ပါယ်စွာ တွေ့မြင်ရမည်ဖြစ်သည်၊၊ ဈေးရောင်းပွဲတော်တွင်လည်း ဆိုင်ခန်းပေါင်း (၁၉၀) ကျော် ဖွင့်လှစ်ရောင်းချပေးလျှက်ရှိရာ ပွဲတော်လာပြည်သူများ စိတ်ချမ်းသာမှု ရှိစေရန် ဈေးနှုန်းများကိုလည်း အသင့်တင့်ဖြင့် ရောင်းချပေးလျှက်ရှိသည်၊၊

 

ရန်ကုန်မြို့တော် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၅ ရက်မှ နိုဝင်ဘာ ၇  ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ တန်ဆောင်မုန်း လပြည့်နေ့တွင်လည်း မီးရှုး၊ မီးပန်းများ ပစ်ဖောက်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

သတင်းစဉ်