နယူးယောက် နိုဝင်ဘာ ၆

 

တွစ်တာမှ စီအီးအိုဖြစ်သူအီလွန်မက်စ်သည် ကုမ္ပဏီလည်ပတ်နိုင်ရေးအတွက် ကုန်ကျစရိတ် လျှော့ချနိုင်ရေး တစ်ကမ္ဘာလုံးအနှံ့မှ တွစ်တာဝန်ထမ်းအင်အား ထက်ဝက်ခန့်ကို လျှော့ချခဲ့သည်ဟု ဝန်ခံပြောကြားခဲ့သည်။

 

နိုဝင်ဘာ ၄ ရက်က နယူးယောက်မြို့၌ ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံသူများ အစည်းအဝေးတွင် မက်စ်က ဝန်ထမ်းအင်အား လျှော့ချမှု ပြုလုပ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

 

ကုမ္ပဏီမှ တစ်ရက်လျှင် ဒေါ်လာလေးသန်းကျော် ဆုံးရှုံးနေချိန်တွင် ရွေးချယ်စရာမရှိဟု ကုမ္ပဏီစီအီးအိုအသစ်က ပြောကြားခဲ့သည်။ အလုပ်မှ ထုတ်ပယ်ခံရသူတိုင်းကို သုံးလစာ လုပ်အားခပေးမည်ဟု ကမ်းလှမ်းထားပြီး ယင်းသို့ ကမ်းလှမ်းမှုမှာ တရားဝင်လုပ်ထုံး လုပ်နည်းထက် ၅၀ ရာခိုင်နှုန်းကျော်ပိုများကြောင်း ၎င်းက ပြောသည်။

 

ယခုနှစ်ကုန်ပိုင်းတွင် တစ်ကမ္ဘာလုံးအနှံ့ တွစ်တာဝန်ထမ်းအင်အား မှာ ၇၅၀၀ ရှိမည်ဖြစ်သည်။ လျှော့ချခံရသည့် ဝန်ထမ်းအင်အားမှာ ၄၀၀၀ ဝန်းကျင်ရှိသည်ဟု ယူဆရသည်။ ရုန်းကန်နေရသည့် ဆိုရှယ်မီဒီယာကုမ္ပဏီကြီးဖြစ်သည့် တွစ်တာကုမ္ပဏီမှာ ၂၀၂၁ ခုတွင် နှစ်နှစ် ဆက်တိုက် အရှုံးပေါ်ခဲ့သည်ဟု သိရသည်။

 

အင်န်အိတ်ချ်ကေ