နေပြည်တော် နိုဝင်ဘာ ၆
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၌ တည်ဆောက်လျှက်ရှိသည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆးစဉ် ဒုတိယဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်အချိန်ကာလအတွင်း အပြီးဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုဆောင်ရွက်သွားကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
