လီလွန်ဂွေးလ် နိုဝင်ဘာ  ၇

 

မာလာဝီနိုင်ငံ အရှေ့တောင်ဘက်နယ်စပ် မချင်ဂါခရိုင်၌ မတ်လအတွင်း ကာလဝမ်းရောဂါ စတင်ဖြစ်ပွားသည့် အချိန်မှစကာ နိုင်ငံအတွင်း ရောဂါကူးစက်ဖြစ်ပွားသူ ၆၇၂၀ ရှိရာ နိုဝင်ဘာ ၅ ရက်အထိ ကာလ ဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း ၂၀၀ ရှိကြောင်း သိရသည်။

 

လီကိုမာကျွန်းအပါအဝင် နိုင်ငံအတွင်း ခရိုင် ၂၈ ခရိုင်လုံး၌ ယခုအချိန်တွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ကြီး ခွန်ဘိုက်ဇ် ကန်ဒိုဒို ချီပွန်ဒါက ပြောကြားသည်။ နိုဝင်ဘာလအတွင်း ကာလဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၄ ဦးရှိပြီး သောကြာနေ့ တစ်ရက်တည်းတွင် သေဆုံးသူကိုးဦးရှိကြောင်း နေ့စဉ် ကာလဝမ်းရောဂါ ဖြစ်ပွားမှု နောက်ဆုံးသတင်းများအရ သိရသည်။

 

မာလာဝီနိုင်ငံ၌ ကာလဝမ်းရောဂါကြောင့် သေဆုံးသူနှုန်းမှာ ၃ ဒသမ ၀ ရာခိုင်နှုန်းရှိပြီး အဆိုပါရောဂါမှ ပြန်လည်ကျန်းမာလာသူ ၆၂၀၁ ဦးရှိသည်။ နိုင်ငံအတွင်း ကုသရေးစင်တာတွင် ကုသမှုခံယူနေသူ ၃၁၉ ဦးရှိကြောင်း သိရသည်။

 

ဆင်ဟွာ