လန်ဒန် နိုဝင်ဘာ ၇
ဗြိတိန်၌ စံချိန်တင်ငွေကြေးဖောင်းပွမှုနှင့် အာဏာရ ကွန်ဆာဗေးတစ်ပါတီအပေါ် မကျေနပ်မှုများ ကြီးထွားလာပြီးနောက် လန်ဒန်မြို့လယ်တွင် ထောင်နှင့်ချီသော ဆန္ဒပြသူများက အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုမှုဖြစ်ပွားကြောင်း သိရသည်။
အရပ်ဘက်အဖွဲ့များနှင့် အလုပ်သမားသမဂ္ဂများက နိုဝင်ဘာ ၅ ရက်တွင် ဆန္ဒပြတောင်းဆိုခဲ့ ကြခြင်းဖြစ်သည်။ ဗြိတိန်ရှိ ပြည်သူများသည် စွမ်းအင်နှင့် စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာမှုနှင့် ကြုံတွေ့နေရကြောင်း၊ ဗြိတိန် နိုင်ငံ၏ နှစ်စဉ်စားသုံးသူ ဈေးနှုန်းအညွှန်းကိန်းသည် စက်တင်ဘာလတွင် ၁၀ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။
ပြီးခဲ့သည့်လတွင် ၂၀၁၆ ခုနှစ်ကတည်းက ကွန်ဆာဗေးတစ်မှ ငါးဦးမြောက် ဗြိတိန်ဝန်ကြီးချုပ် ရစ်ရှီဆူးနက်ခ် ဖြစ်လာခဲ့ပြီးနောက် ပြည်သူများသည် နိုင်ငံရေးနှင့် ပါတီပေါ်တွင် အယုံအကြည် ကင်းမဲ့မှုနှင့် မကျေနပ်မှုများ မြင့်တက်လာခြင်းဖြစ်သည်။ နေထိုင်မှုစရိတ်စကများ မြင့်တက်လာပြီး အကျပ်အတည်းများနှင့် ပြည်သူများ ရင်ဆိုင်နေရ သည့်တိုင် လက်ရှိအုပ်ချုပ်ရေး ယန္တရားသည် ကောင်းမွန်စွာလည်ပတ်နိုင်ခြင်းမရှိကြောင်း အသက် ၆၆ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ဝန်ကြီးချုပ်ဆူးနက်ခ်သည် နိုဝင်ဘာ ၁၇ ရက် တွင် နှစ်လတ်ဘဏ္ဍာရေး အစီအစဉ်ကို ကြေညာသွားရန် စီစဉ်ထားကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ