မုဒုံ       နိုဝင်ဘာ     ၇

မွန်ပြည်နယ်၊ မုဒုံမြို့တွင် (၉၆)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို နိုဝင်ဘာ ၆ ရက် ညပိုင်းက သမိုင်းဝင်ဆံတော်ရှင်ကန်ကြီးစေတီတော်ရင်ပြင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကန်ကြီးစေတီတော် သြဝါဒစရိယဆရာတော် ယာဝဘောဇနကျောင်းမှ ဘဒ္ဒန္တကေတုဝါရ၊ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ ကန်ကြီးစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်အပေါင်းတို့က  နမောတဿ  သုံးကြိမ် ရွတ်ဆိုကန်တော့ကြပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြသည်။ ဆက်လက်၍  အလှူရှင်နှင့်တာဝန်ရှိသူများက  ဆရာတော်ကြီးထံ  မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး     စေတီတော်အား လက်ယာရစ်တစ်ပတ်ပတ်ကာ စေတီတော်ကြီးတွင် ကပ်လှူပူဇော်ခဲ့သည်။

ထို့နောက်  မြို့အတွင်းရှိ ကန်ကြီးစေတီတော်၊ နောင်တော်ကြီး စေတီတော်၊ ကျိုက်ကမော့လေး တောင်ပေါ် စေတီတော်၊ တောင်ခြေစေတီတော်၊ ဆုတောင်းပြည့်စေတီတော်၊ သင်္ဘောဦးစေတီတော်၊ ပြည်တော်အေးဆုတောင်းပြည့်စေတီတော်နှင့် ဘိုးဘွားရိပ်သာ စေတီတော် တို့တွင်လည်း တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များကသွားရောက် ကပ်လှူ ပူဇော်ခဲ့ကြကြောင်း သိရသည်။

 

သားငယ် (ပြန်/ဆက်)