နေပြည်တော် နိုဝင်ဘာ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက ပေါင်းလောင်းမြစ်ကမ်း၌ ကျင်းပခဲ့သည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် ငါးစားသုံးမှု မြင့်တက်စေရန်၊ ငါးသယံဇာတ တိုးပွားပြီး ရေရှည်ငါးစားသုံးနိုင်ရန်နှင့် ငါးမျိုးပြုန်းတီးမှု ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဆည်၊ တာတမံနှင့် သဘာဝရေပြင်များအတွင်း ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအေး၊ ဇေယျာသီရိမြို့ယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် တာဝန်ရှိသူများ၊ ဥတ္တရခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒက္ခိဏခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရေဆင်းငါးလုပ်ငန်းစခန်းမှ ဦးစီးအရာရှိ ဦးအောင်သူ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးများ၊ ကျည်တောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနှင့် ဒေသခံပြည်သူများက ပေါင်းလောင်းမြစ်အတွင်းသို့ ငါးမြစ်ချင်းသား ပေါက်အကောင်ရေ ၅၀၀၀၀၀ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)