နေပြည်တော် နိုဝင်ဘာ ၁ဝ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၃/၂၀၂၂) ကို နိုဝင်ဘာ ၈ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။  

အစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးအဆင့်လုပ်ငန်းစီမံချက် တတိယသုံးလပတ် လုပ်ငန်းဆောင်ရွက်ချက်အစီရင် ခံစာရေးသား တင်ပြရေးဆိုင်ရာ   ကိစ္စရပ်များကိုလည်းကောင်း၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၂) သက်တမ်း (၁)နှစ်ပြည့်တော့မည်ဖြစ်၍ ဆက်လက်ရေးသားနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း)က ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၂)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြဆွေးနွေးခဲ့သည်။

ဆက်လက်၍ လုပ်ငန်းကော်မတီဝင်များက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် တတိယသုံးလပတ် အစီရင်ခံစာ ရေးသားတင်ပြရေးနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

သတင်းစဉ်