ကွာလာလမ်ပူ နိုဝင်ဘာ ၁၀
မလေးရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၆၇ ဦး ထပ်မံ တွေ့ရှိခဲ့ရာ လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူ ပေါင်း ၄၉၃၇၀၂၀ ရှိကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရောဂါထပ်မံကူးစက်ခံရသူများအနက် နှစ်ဦး သည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများ ဖြစ်ပြီး ကျန် ၃၂၆၅ ဦးသည် ပြည်တွင်းကူးစက်ခံရသူ များဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ကိန်းဂဏန်းများအရ သိရသည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၀ ဦးထပ်မံသေဆုံးခဲ့ရာ အဆိုပါ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၃၆၅၁၄ ဦးရှိလာပြီဖြစ်သည်။
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၄၀၂၆ ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အတွက် ဆေးရုံများမှ ဆင်းသွားခဲ့ရာ ရောဂါမှ ပြန်လည်သက်သာလာသူပေါင်း ၄၈၆၅၆၇၇ ဦးရှိ ကြောင်း သိရသည်။
လက်ရှိတွင် ပိုးတွေ့ဆဲလူနာ ၃၄၈၂၉ ဦးရှိပြီး ၎င်းတို့အနက် ၉၁ ဦးသည် ရောဂါပြင်းထန်စွာ ခံစားနေ ရပြီး ၆၃ ဦးသည် အသက်ရှူအထောက်အကူပြု ကိရိယာများ တပ်ဆင်ထားရကြောင်း သိရသည်။
လက်ရှိအချိန်အထိ ပြည်သူ ၈၆ ဒသမ ၁ ရာခိုင်နှုန်းသည် ကာကွယ်ဆေး တစ်ကြိမ်၊ ၈၄ ဒသမ ၃ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ်နှင့် ၄၉ ဒသမ ၈ ရာခိုင်နှုန်းသည် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှု ခံယူပြီးဖြစ်ကာ ပြည်သူ ၁ ဒသမ ၆ ရာခိုင်နှုန်းသည် ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်