နိုဝင်ဘာ ၁၀
အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၄၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၄၆၆၄၈၁၀ ဦးရှိလာကြောင်း ဖော်ပြထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ယနေ့ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၁၂၅၇၂ ဦးရှိသည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ထိုရောဂါနှင့်ဆက်စပ်သေဆုံးသူ ခြောက်ဦးရှိသဖြင့် ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၅၃၀၅၂၀ ရှိလာကြောင်း ၎င်းဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၄၁၂၁၅၃၈ ဦးအထိရှိလာသည်။
နိုင်ငံအတွင်း နိုဝင်ဘာ ၁၀ ရက်နေ့အထိ ကိုဗစ်ဆိုင်ရာစမ်းသပ်စစ်ဆေးမှုပေါင်း ၉၀၂၅၅၁၈၉၃ လုပ်ဆောင်ပြီးဖြစ်သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို