နေပြည်တော် နိုဝင်ဘာ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သံဃာတော်များ ဆွမ်းကွမ်း အခက်အခဲမရှိ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥများကို ဒေသအလိုက် ဆက်ကပ်လှူဒါန်းလျက် ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများသည် မိတ္ထီလာခရိုင်၊ မိတ္ထီလာ မြို့နယ်၊ ကျောင်းရွာအုပ်စု၊ ကျောင်းရွာကျေးရွာရှိ သဒ္ဓမ္မသုခကာရီကျောင်းတိုက်မှ သံဃာတော်များ၊ စာသင်သားသာမဏေ များအတွက် ဆွမ်းဆန်းတော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ရေသန့်နှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)