နေပြည်တော် နိုဝင်ဘာ ၁၂
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ သနပ္ပင်ဆိပ်(အရှေ့)ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ချမ်းမြေ့ဇေယျာကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဝါးခယ်မကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်ရှိ မြင်သာမြို့ဦးကျောင်းတိုက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ပညာရာမပရိယတ္တိ စာသင်တိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ကြည်သာအေးမြကျောင်းတိုက်နှင့် မရမ်းကုန်းမြို့နယ်ရှိ သံဃာ့တက္ကသိုလ် ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ဓမ္မဝံသ(ဓမ္မဝုန်း)ကျောင်း တိုက်တို့သို့ ဆွမ်းဆန်တော် များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ အောင်ချမ်းသာ ပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ တောင်ပေါ် ဣစ္ဆာသ ယကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ စွန်းလွန်းဂူဝိပဿနာ ကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ ရတနာဇေယျုံကျောင်းတိုက်တို့သို့ ဆန်ကြာဆံ များကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)