နေပြည်တော် နိုဝင်ဘာ ၁၂

 

ဝန်ကြီးဌာနမိသားစု အိမ်ရာများတွင် သန့်ရှင်းသပ်ရပ်စွာ စနစ်တကျနေထိုင်ရေး၊ ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်ရေး၊ စားပင်သီးနှံများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးတို့အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးသည်။

 

ယင်းသို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီနယ်မြေ၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိ ရပ်ကွက်၊ ပညာသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်နှင့် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်း အိမ်ရာများ၊ ဘောဂသိဒ္ဓိရပ်ကွက် သဇင် (၆)၊ သဇင်(၄)၊ သဇင် (၁)၊ သဇင်(၇) သို့ သွားရောက်၍ အိမ်ရာအလိုက် အကြီးစားပြင်ဆင်ရမည့် လုပ်ငန်းများ၊ ဝန်ကြီးဌာန၊ ဦးစီးဌာနအစီအစဉ်ဖြင့် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ကျန်းမာရေးအသိဖြင့် နေထိုင်သွားလာကြရေး၊ ချမှတ်ထားသော ဝန်ထမ်းအိမ်ရာ စည်းကမ်းများအား လိုက်နာရေး၊ လျှပ်စစ်မီးနှင့် ရေတို့ကို ခြွေတာသုံးစွဲရေး၊ ဝန်ကြီးဌာန၏ မိသားစုစိတ်ဓာတ်ဖြင့် ဝန်ထမ်းအချင်းချင်း ကူညီရိုင်းပင်းစောင့်ရှောက်ကြရေး မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)