ကျောက်ဆည် နိုဝင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်နယ်တွင် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး ကျောက်ဆည် - ဖျောက်ဆိပ်ပင် - ရဲရွာလမ်း၌ ကျဉ်းမြောင်းနေသည့် (၁ ဒသမ ၄) ကီလိုမီတာ လမ်းပိုင်းနေရာအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး တိုးချဲ့ခင်းပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ကျဉ်းမြောင်းနေသည့် လမ်းပိုင်းနေရာအား တိုးချဲ့ခင်းခြင်း လုပ်ငန်းများကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် (၁၉၃ ဒသမ ၂၀၀) သန်းဖြင့် မိုင်တိုင်အမှတ် (၀) ကီလိုမီတာမှ (၁ ဒသမ ၄) ကီလိုမီတာအထိ အရှည် (၁ ဒသမ ၄) ကီလိုမီတာ မူလ (၅ ဒသမ ၅) မီတာအကျယ် ကတ္တရာလမ်းအား အခြေခံအလွှာအဖြစ် တစ်ဖက်လျှင် (၆ ဒသမ ၁) မီတာအကျယ်၊ (၁၅၀) မီလိမီတာထု (၂) လွှာ ခင်းကြိတ်ပေးပြီး ထုအခြေခံလွှာအဖြစ် တစ်ဖက်လျှင် (၀ ဒသမ ၆) မီတာအကျယ်၊ (၂၂၅) မီလိမီတာထု ချဲ့ခင်းပေးခြင်း၊ အပွန်းခံအလွှာအဖြစ် (၅ ဒသမ ၅) မီတာအကျယ်၊ (၇၅) မီလိမီတာထုခင်းခြင်းနှင့် ရေပိတ်လွှာခင်းခြင်း၊ ဂျင်းကျောက်မြေ လမ်းပခုံးခင်းခြင်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းအား တိုးချဲ့ခင်းပေးခြင်းဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ် သက်သာခြင်းနှင့် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်ပြီးဖြစ်ကာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများလည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)