နေပြည်တော် နိုဝင်ဘာ ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဇော်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (U.E.1)ရပ်ကွက်၊ အနော်ရထာလမ်း၊ ချမ်းမြေ့မေတ္တာ ပရိယတ္တိကျောင်းတိုက်ရှိ သံဃာတော်များနှင့် စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ် လေးမျိုးကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်