နေပြည်တော် နိုဝင်ဘာ ၁၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင် ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲတွင် ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာအနီးတွင် အောင်သန့်ဇင် (ခ) အောင်ကို မောင်းနှင်ပြီး ဝေနိုင်ထူးနှင့် မအိစန္ဒာအောင်(ခ)အိအိ တို့လိုက်ပါလာသည့် ISUZU အမျိုး အစား(၁၂)ဘီးမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ Ammonium Nitrate ၁၃,၂၆၆ ကီလို၊ မြန်မာငွေကျပ် ၆ ဒသမ ၅ သိန်း ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ ည-ရပ်ကွက်၊ သုနန္ဒာလမ်းနှင့် ဘုမ္မာလမ်းထောင့်တွင် နေငြိမ်းဇော်(ခ) ဘုမောင်နှင့် မောင်မောင်ဦး(ခ)မောင်မောင် တို့ ၂ ဦးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း။
အလားတူ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် ညနေ ၅ နာရီခွဲတွင် လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာအနီး၊ တန့်ယန်း-လားရှိုးသွား ကားလမ်းတွင် ကျင်းဟော် မောင်းနှင်လာ သည့် Toyota Alphard အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၂ ဒသမ ၂ ကီလို ကိုလည်းကောင်း၊ ထို့အတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် ည ၇နာရီခွဲတွင် ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု၊ ညောင်ပင်သာ ကျေးရွာအနီး၊ ရပ်စောက်-ကျောက်ဂူသွားကားလမ်းတွင် နိုင်ဝင်းထွန်း မောင်းနှင် လာသည့် FUSO အမျိုးအစား(၁၂)ဘီး မော်တော်ယာဉ်နှင့် စိုင်းမျိုး မောင်းနှင်ပြီး တင်ကိုကိုဝင်း လိုက်ပါလာသည့် Nissan အမျိုးအစား(၁၂)ဘီးမော်တော်ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ FUSO အမျိုးအစား မော်တော်ယာဉ်ပေါ်မှ Toluene လီတာ ၂,၇၀၀ ၊ Ethyl acetate လီတာ ၃,၁၂၀ ၊ Calcium Carbonate ၂,၄၇၅ ကီလိုနှင့် Nissan အမျိုးအစားမော်တော်ယာဉ်ပေါ်မှ Toluene လီတာ ၇၅၀ ၊ Coloroform လီတာ ၄,၈၀၀၊ Calcium Carbonate ကီလို ၂,၅၀၀ တို့ကို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက် အရ ည ၁၁ နာရီတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ် လမ်းရှိ ဟိုတယ်တွင် ထိန်းချုပ်ဓာတု ပစ္စည်းများသယ်ဆောင်ခိုင်းသူ သန်းလင်း(ခ)အရှည်ကြီးနှင့် နှင်းကိုကို တို့အား Toyota Surf အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူ ထားကြောင်း သိရသည်။
ရဲပြန်ကြား