ရန်ကုန် နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် Clever Animal Show များဖြင့် ဖျော်ဖြေတင်ဆက်မှုများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖျော်ဖြေပွဲများတွင် ဆင်လိမ္မာ၊ မျောက်လိမ္မာ၊ မြွေလိမ္မာ၊ ဝက်ဝံလိမ္မာလေးတို့၏ ပြကွက်များနှင့် မျက်လှည့်ပြကွက်များ ပါဝင်သည့်အပြင် လူနှင့် ရင်းနှီးကျွမ်းဝင်သည့် တိရစ္ဆာန်ငယ်များဖြင့် ဓာတ်ပုံတွဲရိုက်နိုင်သည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
လိမ္မာယဉ်ကျေးသည် တိရစ္ဆာန်လေးများ၏ ဖျော်ဖြေမှုများကို မိုးတွင်းကာလ ခေတ္တရပ်နားထားခြင်းဖြစ်ပြီး ယခုအခါ မိုးအကုန်ပွင့်လင်းရာသီ ရောက်ပြီဖြစ်သည့်အတွက် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ဖျော်ဖြေမှုများ ပြန်လည်စတင် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး