ပဲခူး နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးမြို့မဈေးကြီး ဈေးသူ/ဈေးသားများ၏ စုပေါင်းစတုဒိသာ အလှူတော်ပွဲအား ယနေ့နံနက်ပိုင်းက ပဲခူးမြို့မဈေးကြီးအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အားပေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စတုဒိသာမဏ္ဍပ်သို့ ရောက်ရှိပြီး ပျော်ရွှင်စွာ လာရောက်သုံးဆောင်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။ အဆိုပါ စုပေါင်းစတုဒိသာ အလှူတော်ပွဲ၌ လူမျိုးမရွေး၊ ဘာသာမရွေး သုံးဆောင်နိုင်စေရန် ဘဲဥဟင်း၊ သီးစုံပဲဟင်းနှင့် ငါးခြောက်ကြော်တို့ဖြင့် လူဦးရေ (၅၀၀၀)ကျော်အား နံနက်(၇)နာရီမှ ညနေပိုင်းအထိ ကျွေးမွေးသွားမည်ဖြစ်ရာ စတုဒိသာ လာရောက်သုံးဆောင်သူများအား တေးဂီတဝိုင်းဖြင့် ဧည့်ခံဖျော်ဖြေပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များနှင့် ရှမ်းအိုးစည်အဖွဲ့တို့အား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်