နေပြည်တော် နိုဝင်ဘာ ၁၄

ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်ပြည့်စုံရေးသည် အရေးအကြီးဆုံး ဆောင်ရွက်ရ မည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းများပြုစုနိုင်ရန်အတွက် မြို့နယ်အ လိုက် လူဦးရေစာရင်းများကို ကနဦးမဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းစနစ်ရေးသားပြီး တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး က ပြောကြားသည်။

ယနေ့နံနက် ၁၀ နာရီခွဲ တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သင်တန်းခန်းမ၌ ကျင်းပသော နည်းပညာဆိုင်ရာ အထောက်အကူပြုသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲတွင်  ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် က မဲစာရင်း ပြုစုခြင်းလုပ်ငန်းများကို Software အသုံးပြုဆောင်ရွက်နိုင်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မဲစာရင်းများကို သတ်မှတ်ထားသည့် အချိန်တွင် မှန်မှန်ကန်ကန်ပြုစုနိုင်မည် ဖြစ်ကြောင်း၊ ယခုသင်တန်းသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို များစွာအထောက်အကူပြုစေမည် ဖြစ်ပြီး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအလိုက် နည်းပညာဖြင့် ဆောင်ရွက်ရ မည့်လုပ်ငန်းများကို အခက်အခဲမရှိ ဆောင်ရွက်နိုင်ရန် ကြိုတင်လေ့ကျင့်သင်ကြားဖွင့်လှစ်ရ ခြင်းဖြစ်ကြောင်း  ပြောကြားသည်။ 

အဆိုပါ သင်တန်းသို့  ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး သတင်းအချက်အလက်၊ နည်းပညာနှင့် ဆိုက်ဘာလုံခြုံ ရေးဦးစီးဌာန၊ သင်တန်းကျောင်းနှင့်  ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံး၊ e-Government ဌာနတို့မှ သင်တန်းနည်းပြများက သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းကာလမှာ  နိုဝင်ဘာ၁၄ ရက်မှ ၂၅ ရက်အထိ ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်