ချောက် နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ခရိုင်/မြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၁၅ ရက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်းက နိုင်ငံတစ်ဝှမ်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှုမရှိ၍ ဖြစ်ပွားခဲ့သည့် ယာဉ်/လမ်းအန္တရာယ် ပြစ်မှုဖြစ်စဉ်များအား ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ရဲမှူး သန့်ဇင်ထူးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များနှင့် ပတ်သက်၍ အသေးစိတ်လိုက်နာရမည့် အချက်အလက်များအား ပရိုဂျက်တာ၊ ပါဝါပွိုင့် များဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောကာ ရဲအရာခံမျိုးမြင့်အောင်နှင့် ရဲတပ်ကြပ်ကြီး ကိုကိုလှိုင်တို့က ယာဉ်လမ်းအချက်ပြပုံများကို လက်တွေ့ သရုပ်ပြသခဲ့ပြီး တက်ရောက် လာသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့သည်။
ဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူး (ယာယီ) ရဲမှူးဝင်းသန်း၊ ဒုတိယမြို့နယ် ရဲမှူးသန့်ဇင်ထူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)