မတ္တရာ  နိုဝင်ဘာ   ၁၇

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ် အစီအစဉ်ဖြင့် ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းများဖြင့် အခြေခံ စားသောက်ကုန် (၆)မျိုးကို ယနေ့ နံနက် ၇ နာရီက မတ္တရာမြို့နယ် အထက(မတ္တရာ)ကျောင်းရှေ့တွင် ရောင်းချပေးခဲ့ သည်။

ထို့သို့ရောင်းချရာတွင် အမှတ်(၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်မှ အရာရှိစစ်သည်များ၊  မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍  အခြေခံစားသောက်ကုန်များ ဖြစ်သည့်   ဆန်(၁) ပြည်လျှင် ၁၆၀၀ ကျပ်နှုန်းဖြင့် ဆန် ၅ အိတ်၊ ဆီ(၁)ပိဿာလျှင်၄၆၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၂၀၀ ၊ ကြက်ဥ(၁)လုံးလျှင် ၁၈၀ ကျပ်နှုန်းဖြင့် ၁၀၀၀ လုံး၊ အာလူး ၁ ပိဿာလျှင် ၂၂၀၀ ကျပ်နှုန်းဖြင့် ၁၀၀ ပိဿာ၊ ခရမ်းချဉ်သီး ၁ ပိဿာလျှင်  ၂၂၀၀ နှုန်းဖြင့် ၁၀၀ ပိဿာနှင့် ငါးမြစ်ချင်း ၁ ပိဿာလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် ၂၀၀ ပိဿာတို့ကို ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

မတ္တရာမြို့နယ်၌ အခြေခံစားသောက်ကုန်များကို ပြည်သူများထံသို့ ဈေးနှုန်းချိုသာစွာ လစဉ်ရောင်းချ လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)