နေပြည်တော် နိုဝင်ဘာ ၁၇
ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဝုန့်ဆွန်းထန်သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တီးတိန်မြို့သို့ ရောက်ရှိပြီး နယ်မြေခံတပ်ရင်း အစည်းအဝေးခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး အမှာစကားပြော ကြားသည်။
ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တီးတိန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းက တီးတိန်ခရိုင် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ပြည်နယ်ဦးစီးမှူးများက ကဏ္ဍအလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။

ယင်းနောက် မြို့မိ၊မြို့ဖ ဦးကမ်းလျန်းက မဟာဓာတ်အားလိုင်းရရှိရေး၊ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကို ကုတင် ၃၀၀ ဆံ့ ဆေးရုံအဖြစ် တိုးချဲ့ပေးနိုင်ရေးတို့ကိုတင်ပြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များထောက်ပံ့ ပေးအပ်ကြောင်းသိရသည်။
သတင်းစဉ်