ပင်လောင်း နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မင်းဘူးကျေးရွာအုပ်စု၊ ကော်သရွဲရွာတွင် ယာစပါးစံပြကွက်များ ရိတ်သိမ်းမှုလုပ်ငန်းများကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ယာစပါးစံပြကွက် ရိတ်သိမ်းရာတွင် တောင်သူ ဦးပေါက်၏ ကွင်းအမှတ်(၃၀၅၉) ဦးပိုင်အမှတ်(၂၃၀)၌ မျိုးကွဲကုန်ပြင်-၂ စံပြစိုက်ပျိုးထားသည့် စပါးတစ်ဧက ပျမ်းမျှအထွက်နှုန်း ၆၆ တင်း၊ တောင်သူ ဦးမောင်ရီ၏ ကွင်းအမှတ်(၃၀၅၉) ဦးပိုင်အမှတ်(၇၅၀)၌ မျိုးကွဲဘူကျောက် စံပြစိုက်ပျိုးထားသည့် စပါးတစ်ဧက ပျမ်းမျှအထွက် ၆၂ တင်း၊ တောင်သူ ဒေါ်ငွေ၏ ကွင်းအမှတ်(၃၀၅၉) ဦးပိုင်အမှတ်(၃၂၄)၌ ဒေသမျိုးစပါး စံပြစိုက်ပျိုးထားသည့် စပါးတစ်ဧက ပျမ်းမျှအထွက်နှုန်း ၃၂ ဒသမ ၃၀ တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
ခွန်အာကာစိုး