သံတွဲ နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက သံတွဲမြို့နယ် ကြက်စားချောင်ကျေးရွာ ကွင်းအမှတ် (၁၅၁)၊ ဦးပိုင်အမှတ်(၁၁၅/၂)ရှိ တောင်သူ ဦးဌေးဝင်းလှိုင်၏ ဆင်းသုခ မျိုးစေ့ထုတ် စိုက်ခင်း(၀.၁၀)ဧကကို ရိတ်သိမ်းရာ အစိုအထွက် ၁၁၀ ဒသမ ၅၄ တင်း၊ အခြောက် ၁၀၈ ဒသမ ၂၀ တင်း ထွက်ရှိခဲ့သည်။ ဆက်လက်၍ ခရမ်းမော်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၆၄)၊ ဦးပိုင်အမှတ်(၁၈၈)ရှိ တောင်သူ ဦးကျော်ခိုင်၏ ဆင်းသွယ်လတ် မျိုးစေ့ထုတ်စိုက်ခင်း (၀.၁၀)ဧကကို ရိတ်သိမ်းရာ အစိုအထွက် (၉၀.၈၅)တင်း၊ အခြောက် (၈၆.၂၅)တင်း ထွက်ရှိခဲ့ကြောင်း သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ထွန်းခိုင်ထံမှ သိရှိရသည်။
အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ထွန်းခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးဦးညိုဝင်းနှင့် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက် အားပေးကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)