နေပြည်တော်၊ နိုဝင်ဘာ ၁၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကမ်းခြေစောင့်တိုက်ရေယာဉ်(၁၁၄)မှ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကားယားကျွန်းအနောက် မြောက်ဘက် (၁ ဒသမ ၉) မိုင်ခန့်အကွာ၌ စက်လှေ (၁)စီးပေါ်မှ တရားမဝင် သစ်မျိုးစုံ(၅ ဒသမ ၁၀၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၆,၀၅၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသော စက်လှေ(၁)စီးနှင့် စက်လှေပါဆက်စပ်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၅၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၁၆,၀၅၀)ကို သစ်တောဥပဒေနှင့် အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ထားဝယ်မြို့၊ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ခရီးသည်တင် မော်တော်ယာဉ်(၁)စီးပေါ်မှ စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော မီးသွေး အိတ်(၄၅)အိတ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇,၅၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ ထိုင်းနိုင်ငံထုတ်မုန့်မျိုးစုံ ကီလိုဂရမ်(၁၅၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀,၀၀၀)နှင့် အဆိုပါ မီးသွေးအိတ်များနှင့် မုန့်မျိုးစုံများတင်ဆောင်လာသော MITSUBSHI FUSO အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၈၆၇,၅၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့က အေးရှားဝေါလ် ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေး ရေးစခန်း၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ(၁)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော ကြမ်းခင်းကော် ဇော(၂၀၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၃၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ နိုဝင်ဘာ ၁၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော Roller Bearing Model ဆိုဒ်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၅၉၄,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၁၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက တောင်ငူခရိုင်အတွင်း၌ တရားမဝင် သစ်မျိုးစုံ ၆ ဒသမ ၅၀၃၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၈၉,၅၂၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ဝေါမြို့နယ်၊ မှုံကတုံးကျေးရွာအတွင်း၌ လိုင်စင်မဲ့ Daihatsu Hijet အမျိုးအစား မော်တော်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဉပဒေ အရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၈၉,၅၂၀)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂,၄၆၇,၀၇၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
(သတင်းစဉ်)