ပဲခူး နိုဝင်ဘာ ၂၀
ပဲခူးမြို့ မြို့တွင်းကြီးရပ်ကွက်၊ ပဲခူး-သနပ်ပင် ကားလမ်းမပေါ်ရှိ စျေးဆိုင်ခန်းများတွင် ယနေ့နံနက် ၁ နာရီ ၄၇ မိနစ်ခန့်က ရေခဲသေတ္တာ ကွန်ပရစ်ဆာ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခန်း ၅ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ (၂၄ x ၈) ပေ၊ (၁)ထပ် သွပ်မိုး၊ အုပ်ကာ၊ ကွန်ကရစ်ခင်း၊ ဈေးဆိုင်ခန်း စုစုပေါင်း ၂၂ ခန်း ရှိသည့်အနက် ဆိုင်ရှင်ဦးမြင့်ဝင်း၏ ဈေးဆိုင်အခန်း နံပါတ် (၈/၉) အခန်းအတွင်းရှိ ရေခဲသေတ္တာ ကွန်ပရစ်ဆာ အပူလွန်ကဲရာမှ အနီးရှိ စာရေးကိရိယာများသို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ ခရိုင်မီးသတ် ဦးစီးမှူးရုံးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် စုစုပေါင်းဆိုင်ခန်း (၅) ခန်း မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမြင့်ဝင်းအား အမှုဖွင့်အရေးယူလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)