မော်လမြိုင် နိုဝင်ဘာ ၂၀

 

မွန်ပြည်နယ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြခြင်းကို နိုဝင်ဘာ ၁၈ ရက်​ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဒေသတွင်းစီးပွား​ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ​စေ​ရန် အ​ခြေခံဖြစ်သည့် လျှပ်စစ်ဓါတ်အား ပြည့်ဝစွာရရှိနိုင်​ရေး ​ဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်းများတွင် လိုအပ်သည့် လျှပ်စစ်အား အလုံအလောက်ရရှိနိုင်ရန် ပြည်နယ်အတွင်း ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိ​သလို သဘာဝအရင်းအမြစ်ကို အ​ခြေခံသည့် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရေး ​ဆောင်ရွက်လျက်ရှိ​ကြောင်း၊ လျှပ်စစ်ဓါတ်အားစနစ်ကြံခိုင်ခြင်း​၊ ဓါတ်အား​ပျောက်ဆုံးမှု ​လျော့နည်းခြင်း၊ စဉ်ဆက်မပြတ် လျှပ်စစ်ဓါတ်အား​ ပေးနိုင်​ရေးအတွက် အလေးထား ​ဆောင်ရွက်​ပေးကြရန် လိုကြောင်းဖြင့် လမ်းညွှန်အမှာစကား ​ပြောကြားခဲ့သည်။

 

ထို့​နောက် မွန်ပြည်နယ်အတွင်း စွမ်းအားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ စီမံကိန်းညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းက ၂၃၀ ​ကေဗွီ​အေ ​မော်လမြိုင် - ​ရေး - ထားဝယ် ဓါတ်အားလိုင်းနှင့် ဓါတ်အားခွဲရုံဆိုင်ရာ စီမံကိန်းအချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအ​ပေါ် တက်​ရောက်လာသူများမှ အကြံပြုဖြည့်စွက်​ဆွေး​နွေး တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ​ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ခရိုင် ပြန်/ဆက်)