ရန်ကုန် နိုဝင်ဘာ ၂၀

“အားလုံး အကျုံးဝင် ဖွံ့ဖြိုးဖို့ ၊ ကလေးတိုင်းအတွက်ဆောင်ရွက်စို့” ဆောင်ပုဒ် နှင့်အညီ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (၃၃)နှစ် မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမျိုးသမီးကလေးများသင် တန်းကျောင်း(ရန်ကုန်)၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း တက်ရောက်၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်တွင် ကလေများအတွက် အကောင်းဆုံး အကျိုးစီးပွားကို ဖြစ်ထွန်းစေရေး၊ ခွဲခြားဆက်ဆံမှုမရှိရေး၊ အသက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးများ၏ထင်မြင် ယူဆချက်များကို အလေးထားရေးတို့ ဖြစ်ကြောင်း၊ အဓိကကျသော အခွင့်အရေး(၄)ချက်ကိုလည်း ချမှတ်ထားပါကြောင်း၊ ကလေးသူငယ်များအနေဖြင့် ကလေးသူငယ်အခွင့်အရေးကိုသိရှိပြီး လိုက်နာရမည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများကိုလည်း ပြည်သူလူထုအတွင်း ပိုမိုဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

အခမ်းအနားတွင် ကလေးငယ်များက တေးသရုပ်ဖော် အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ဖျော်ဖြေခဲ့ကြသည့် ကလေးငယ်များကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်