နေပြည်တော် နိုဝင်ဘာ ၂၀
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်ရှိ သဒ္ဓမ္မဝေပုလ္လကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ဇေယျဝတီပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ အရိယာမဂ္ဂင် ကျောင်းတိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ သုံးပါးရတနာကျောင်းတိုက်၊ ရန်ကင်းမြို့ နယ်ရှိ မဟာဗောဓိကျောင်းတိုက်၊ သာကေတမြို့နယ်ရှိ အောင်သီတာပရိယတ္တိစာသင်တိုက် နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ မင်္ဂလာအောင်မြေပရိယတ္တိစာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ တောင်ပြင်ထီးလင်းကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ်ရှိ မြနန္ဒာကျောင်းတိုက်၊ ရခိုင် ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ တန်ခိုးပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ သဒ္ဒမ္မဒီပက(ဖျာပုံ) ပရိယတ္တိစာသင်တိုက်၊ ပုဇွန်တောင် မြို့နယ်ရှိ မြသိန်းတန်ကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဓမ္မဝိဒူကျောင်း တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိ သူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်