ဘားအံ နိုဝင်ဘာ ၂၀
“အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်အတွက်ဆောင်ရွက်စို့”ဆောင်ပုဒ်ဖြင့် (၃၃)နှစ် မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမ္မဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးမဆုံးရှုံးစေရေး၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးများအားလုံးသိရှိစေရေးနှင့် ကလေးတိုင်းလက်လှမ်းမီ တန်းတူ ညီတူရရှိနိုင်ရေးအတွက် တာဝန်ရှိသူများက အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးကြ ရန်နှင့် ကလေးများအတွက်ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသည့် အနာဂတ်တစ်ခု ဖန်တီးပေးနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှနေ၍ စဉ်ဆက်မပြတ်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် ဗီဒီယိုကလစ်ကို ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်တို့က ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှုပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန၏ဌာနတွင်း၊ ပုဂ္ဂလိကနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တေးသရုပ် ဖော်ဖြင့် ဖျော်ဖြေတင်ဆက်ကြသည့် ရင်သွေးငယ်များအား ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရား သူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ရင်သွေးငယ်များကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်