နေပြည်တော် နိုဝင်ဘာလ ၂၁
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးသန်းဆွေ ခေါင်းဆောင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ Vice-President YONN SINAT ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပမည့် အာဆီယံ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ ၁၈ ကြိမ်မြောက် အကြီးအမှူးများ အစည်း အဝေးသို့တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ ကမ္ဘောဒီးယားနိုင်ငံသို့ လေ ကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်