ပဲခူး နိုဝင်ဘာ ၂၁

 (၃၃) နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ (ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်း က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၂)မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက "ထာဝရမြန်မာ” သီချင်းဖြင့်လည်းကောင်း၊ ညောင်လေးပင်မြို့၊ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက "ကိုကိုစိတ်ကူးယဉ်" သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေ တင်ဆက်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်း ဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှု့အားပေးကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားပြီး ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ကလေးများနေ့ (UNCRC Day) အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ဉာဏစွမ်းရည်နှင့် အားကစားပြိုင်ပွဲများ၌ ပထမဆုရရှိသူများကို တိုင်းဒေသကြီး ဝန်ကြီး ချုပ် ကလည်းကောင်း၊ ဒုတိယဆုရရှိသူများကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကလည်းကောင်း၊ တတိယဆုရရှိသူများကို သယံဇာတရေးရာ ဝန်ကြီးကလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ အကြိုလှုပ်ရှားမှု ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိကြသည့် ရင်သွေးငယ် လေးများက ဆုရပုံပြင်၊ ကဗျာ၊ သီချင်းများဖြင့်လည်းကောင်း၊ ရွှေကျင်မြို့ မူလတန်း ကြိုကျောင်းမှ ရင်သွေးငယ်လေးများ က “မန္တလေးသားနှင့်ရန်ကုန်သူ” သီချင်းဖြင့် လည်းကောင်း၊ ပဲခူးမြို့ အမှတ်(၁)မူကြိုကျောင်းမှ ရင်သွေးငယ်လေးများက “မမပုသိမ် သူ”သီချင်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ အစိုးရအဖွဲ့တာဝန်ရှိသူများက ရင်သွေးငယ်လေးများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်